Event

ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဥ် စတင်မိတ်ဆက်

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နှင့် Start-up လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေမည့် ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဥ် စတင်မိတ်ဆက်
========================
အောက်တိုဘာ ၃၊ ၂၀၂၃၊ ရန်ကုန်။ ။ ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေဖြင့် MSME နှင့် Start-up လုပ်ငန်းများအတွက် “Grow Together BizPitch” အစီအစဥ်ကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။ အဆိုပါ အစီအစဉ်သည် ပြည်တွင်းရှိ MSME နှင့် Start-up လုပ်ငန်းများကို လက်တွဲမြှင့်တင်ရန်၊ ထောက်ပံ့ကူညီပေးရန်နှင့် စီးပွားရေးအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖို့အတွက် ရည်ရွယ်သည့် ရိုးမဘဏ်၏ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။
ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် “Grow Together BizPitch” အစီအစဥ်တွင် စွန့်ဦးတီထွင်ကဏ္ဍနှင့် နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော ပညာရှင်များမှ ပါဝင်ထားပြီး အစီအစဉ်တစ်လျှောက်တွင် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို သင်တန်းများ ပို့ချပေးမည်ဖြစ်သည်။ ရိုးမဘဏ်၏ သက်မှတ်ချက်နှင့် ပြည့်မီသော MSME များနှင့် Start-up လုပ်ငန်းများအနေဖြင့် အခမဲ့ ပါဝင်လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်အတွင်း လျှောက်ထားနိုင်ပါသည်။ လိုအပ်သော အထောက်အထားများကို ဤလင့်ခ် https://yomabank.net/grow-together-bizpitch/ မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

About the author

rvcom

Add Comment

Click here to post a comment

Visitor Count

2124281
Today Views : 76328
Total Views : 2124281