ဘုန်းကြီးတစ်ပါးနဲ့ ခွေးလိမ္မာလေး “ကံကောင်း” တို့ရဲ့ သံယောဇဉ်နဲ့ မေတ္တာတရားကို ထင်ဟပ်စေမယ့် မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ပထမဆုံး ခွေးလိမ္မာလေးအကြောင်း “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကို ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးထားပြီး
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ – ဝင်းလွင်ထက် ပုံဖော်ရိုက်ကူးပြီး သရုပ်ဆောင် ပိုင်တံခွန်၊ ကံကောင်း၊ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ နေထွဋ် အစရှိသော အနုပညာရှင်များက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ Press Show ကို နိုဝင်ဘာလ(၂၂)ရက်နေ့ ညနေပိုင်းက သမ္မတမှာ ကျင်းပပြုလုပ်ခဲ့ပြီး “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကို လာမယ့်နိုဝင်ဘာလ (၂၄)ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာ ပြသသွားမယ်လို့ သိရပါတယ်















Today Views : 75156
Total Views : 2123274
Add Comment