နာမည်ကြီး အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေ ရသစုံ ခံစားရမယ့် “စာရိတ္တ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကို ဒီဇင်ဘာ (၁၂) ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ဒီဇာတ်ကားကို ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွှန်း သက်ဦးမောင်က ရေးသားပြီး ဒါရိုက်တာ စိုးမိုးမင်း၊ Art Director နေသူရိန် အပြင် DOP ထွဋ်တင့်ထွန်းတို့ ဖန်တီးထားပြီး သရုပ်ဆောင် နေဝင်း၊ ကောင်းမြတ်စံ၊ ထက်အောင်ရှိုင်း၊ မင်းဘုန်းမြတ်၊ တေဇလင်းရောင်၊ မေမြင့်မိုရ် ၊ ဝေလာရီ၊ ထွန်းပုလဲရတနာ၊ ဥသြသံသာ၊ လှနုထွန်း၊ နေဆန်း၊ မင်းသူ၊ ညီဂျော် စတဲ့အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားကြတာလည်း ဖြစ်ပါတယ်။ “စာရိတ္တ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ (၂၂) ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
ပရိသတ်တွေ ရသစုံ ခံစားရမယ့် “စာရိတ္တ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show
December 13, 2023
415 Views
1 Min Read
You may also like
rvcom
Visitor Count







Today Views : 76325
Total Views : 2124279










Add Comment