Event

အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းပုံစံ “နွယ်” ရုပ်သံဇာတ်လမ်းတွဲသစ် မိတ်ဆက်ပွဲ အခမ်းအနား

CANAL+ ရဲ့ကိုယ်ပိုင်ဖန်တီးမှုနဲ့ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းပုံစံ “နွယ်” ရုပ်သံဇာတ်လမ်းတွဲသစ် မိတ်ဆက်ပွဲကို နိုဝင်ဘာ (၂၆) ရက် နေ့လယ် ၂နာရီက ရန်ကုန်မြို့ Kamtharyar Shopping Center ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်… ဒီဇာတ်ကားမှာ ဒါရိုက်တာ အောင်မြတ်က သရုပ်ဆောင်‌တွေဖြစ်တဲ့ တီစော၊ အောင်ရဲထိုက်၊ ယမင်းမေဦး၊ မေတိုးခိုင်၊ ရဲနောင်ချို၊ ခိုင်နှင်းဝေ၊ ဆင်မ၊ မျိုးမျိုးခိုင်၊ သုန္ဒြေဦး စတဲ့ သူတွေနဲ့ ရိုက်ကူးထားပါတယ်…. ၂၆ မိနစ်စာ အပိုင်း (၄၀) ပါဝင်တဲ့ “နွယ်” ဒရာမာ ရုပ်သံဇာတ်လမ်းတွဲကြီးကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ထိ ည ၇ နာရီခွဲမှာ CANAL+ Zat Lenn က ကြည့်ရှုရမှာဖြစ်ကြောင်းသိရသည်

Visitor Count

2125852
Today Views : 78019
Total Views : 2125852