Food

ဆိုင်စစဖွင့်ချင်း လပိုင်းအတွင်းမှာ ရောင်း‌အားကောင်းနေတဲ့ မော်လမြိုင် အန်တီဘုတ် ရေစိမ်မုန့်ဟင်းခါး

ရန်ကုန်က ဧည့်သည်တွေရဲ့ တောင်းဆိုမှုကြောင့် ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာပါ… အဓိက က မုန့်ဖက်ကို လတ်လတ်ဆက်ဆက် စားခါနီးမှ ညှစ်ပေးလို့ စားသုံးသူတွေက ကြိုက်ကြတာများတယ်… အချိုမှုန်တို့ အရသာမှုန့်တို့ကို သိပ်မသုံးဘဲ ငါးရွှေငါးရဲ့ အရသာကို သုံးထားလို့ သဘာဝအရသာအတိုင်း စားလို့ရလို့ လူကြီးတော်တော်များများက ညီမတို့မုန့်ဟင်းခါးကို ကြိုက်ကြတယ်… မော်လမြိုင်ဆိုင်ရဲ့ အရသာအတိုင်း ဖန်တီးထားပြီး ဈေးနှုန်းတွေကိုလည်း ခွာမထားပါဘူး… စားသုံးသူတွေက ရန်ကုန်မှာ ဆိုင်လေးလာဖွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားသံလေးတွေ ပြန်ကြားရလို့ ဝမ်းသာမိပါတယ်…

Visitor Count

2125821
Today Views : 77986
Total Views : 2125821