Event

“So” ကိုယ်ပိုင်သံစဉ်တေးရေး၊ တေးဆို “တေးသီချင်းပြိုင်ပွဲ”ကြီး

“So” ကိုယ်ပိုင်သံစဉ်တေးရေး၊ တေးဆို “တေးသီချင်းပြိုင်ပွဲ” အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ

“So” ကိုယ်ပိုင်သံစဉ်တေးရေး၊ တေးဆို “တေးသီချင်းပြိုင်ပွဲကြီး” စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် (၆) ရက်က ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်‌အနေနဲ့ တေးရေးဆရာ မြင့်မိုးအောင်၊ အဆိုတော် ချောစုခင်၊ တေးရေး၊တေးဆို ဝေကြီး၊ ဂီတမှူး လီယိုနတ် မောင်မောင်လွင် တို့ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး Host အနေနဲ့ အောင်ပြည့်ဖြိုးက တင်ဆက်ပေးမှာပါတယ်။ ဒီပြိုင်ပွဲကို Season (1) အဖြစ် စတင်ကျင်းပတာဖြစ်ပြီး တေးရေးပြိုင်ပွဲဝင်တွေက မိမိကိုယ်တိုင်ရေးသားထားတဲ့ သီချင်း‌တွေကို Online ကတစ်ဆင့် Video Clip နဲ့.ကြိုတင်ပေးပိုပြီး Audition ဝင်စေခဲ့တာဖြစ်ပါတယ်။

တေးဆိုပြိုင်ပွဲဝင်တွေက Audition အဆင့်မှာ မိမိကြိုက်ရာသီချင်းတွေနဲ့ ပါဝင်သီဆိုယှဉ်ပြိုင်နိုင်ပြီး Walk in လာရောက် ယှဉ်ပြိုင်ကြရမှာပါ။

ပြိုင်ပွဲ Level အဆင့်ဆင့်ထိ ယှဉ်ပြိုင်ပြီးတဲ့အခါ Quarter Final, Semi Final, Grand Final အထိ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူတွေကို တေးရေးအတွက် ပထမဆုကို ငွေကျပ် ၄၅ သိန်း၊ တေးဆိုအတွက် ပထမဆုကို ငွေကျပ် ၄၅ သိန်း အပြင် အခြား ဆုကြီးတွေပေးအပ်သွားမယ်လို သိရပါတယ်။

About the author

rvcom

Add Comment

Click here to post a comment

Visitor Count

2123274
Today Views : 75156
Total Views : 2123274