Sport

ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးပြိုင်ပွဲ

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ့ရိုးရာ မြင်းစီးအားကစားကော်မတီ၏ ပံ့ပိုးမှုဖြင့် ကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးပြိုင်ပွဲကို ကျင်းပခဲ့ရာ ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ဒုန်းစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ အသားကျစီး ပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ဓားခုတ် (ငှက်ပျောပင်ခုတ်) စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လှံပစ် (စက်ပစ်) စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လှံထိုး (စက်ထိုး) စီးနင်းပြိုင်ပွဲ၊ International Show Jamping ပြိုင်ပွဲ၊ International Dressage ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ (၆) ရက်တွင် ရိုးရာဒုန်းစီး အငယ်တန်းပြိုင်ပွဲ (ကွာတားဖိုင်နယ်ပွဲ)များ၊ (၇) ရက်နေ့တွင် ရိုးရာဒုန်း ပိုနီတန်းပြိုင်ပွဲ (ဆီမီးဖိုင်နယ်ပွဲ)များ၊ (၈) ရက်နေ့တွင် ရိုးရာအသားကျပြိုင်ပွဲများ၊ (၉) ရက်နေ့တွင် ရိုးရာဒုန်းစီး အငယ်တန်းပြိုင်ပွဲ (ဆီမီးဖိုင်နယ်ပွဲ)များ၊ ရိုးရာ ဓားခုတ်/လှံပစ် ပြိုင်ပွဲများ၊ (၁၀) ရက်နေ့တွင် မြင်းအလှစီး (Dressage) ပြိုင်ပွဲများ၊ ရိုးရာလှံထိုးပြိုင်ပွဲများ၊ (၁၁) ရက်နေ့တွင် နိုင်ငံတကာတန်းခုန် (Show Jumping) ပွဲများ၊ (၁၂) ရက်နေ့တွင် ရိုးရာဒုန်းစီး အထူးတန်း/ အကြီးတန်း/ အလတ်တန်း/ အငယ်တန်းနှင့် ပိုနီတန်းပြိုင်ပွဲတို့၏ ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်

Visitor Count

2125821
Today Views : 77986
Total Views : 2125821