ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်းတို့က ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲကို စက်တင်ဘာ (၂၄) ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ MFF FUTSAL STADIUM မှာ စတင်ကျင်းပခဲ့ပါတယ်။ အဆိုပါ ရန်ပုံငွေဘောလုံးပွဲအနေနဲ့ စက်တင်ဘာ (၂၄) ရက်မှာတော့ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်း YW FC နဲ့ Music FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲစတင်ကန်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ဒုတိယပွဲစဉ်အနေနဲ့ Movie FC နဲ့ Forever Group က သရုပ်ဆောင်တွေ ပါဝင်တဲ့ Friend FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲအနေနဲ့ ဆက်လက်ပြိုင်ပွဲကန်ခဲ့ကြပါတယ်။ စက်တင်ဘာ (၂၅) ရက်မှာ YW FC နဲ့ Friend FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲ ၊ Movie FC နဲ့ Music FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲ ၊ စက်တင်ဘာ (၂၆) ရက်မှာ Music FC နဲ့ Friend FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲ ၊ YW FC နဲ့ Movie FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲ ပွဲစဥ်အသီးသီး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် စက်တင်ဘာ (၂၇) ရက် မွန်းလွဲ ၃ နာရီမှာ တတိယနေရာလုပွဲကို အုပ်စုတတိယနဲ့ အုပ်စုစတုတ္ထတို့က ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီးတော့ ညနေ ၅ နာရီမှာတော့ ဗိုလ်လုပွဲကို အုပ်စုပထမနဲ့ အုပ်စုဒုတိယအသင်းတို့က ယှဉ်ပြိုင်ဆော့ကစားသွားကြဖြစ်ကြောင်းသိရပါတယ်။















Today Views : 77984
Total Views : 2125820
Add Comment