ပျော်ရွှင်ရယ်မောစရာကောင်းပြီး ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ “ဂျင်းထည့်တဲ့ယောက်ဖ” ရုပ်ရှင်ဇာတ်ကားကြီးကို အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဥ်ရိုက်ကူးထားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အာရုဏ်ဦး) ပုံဖော်ထားရိုက်ကူးထားကာ သရုပ်ဆောင် အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီကျော်ကျော်ဗိုလ်၊ ညီထွဋ်ခေါင်၊ ခင်လှိုင်၊ အကယ်ဒမီ ရွှေမှုံရတီ၊ ဆင်မ နှင့် ဟာသအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်… ရုပ်ရှင်ဇာတ်ကားရဲ့ Press Show ကို ဧပြီလ (၂)ရက်နေ့ ညနေပိုင်းက သမ္မတရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး “ဂျင်းထည့်တဲ့ယောက်ဖ” ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဧပြီလ (၅) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာ ပြသသွားမှာဖြစ်ပါတယ်….
သမ္မတရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည့် “ဂျင်းထည့်တဲ့ ယောက်ဖ” ရုပ်ရှင်ဇာတ်ကား အကြိုပြသပွဲ အခမ်းအနား
April 5, 2024
314 Views
1 Min Read
You may also like
rvcom
Visitor Count







Today Views : 76356
Total Views : 2124308










Add Comment