ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “အပိုင်စား” ရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo Film Production က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်း ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ဒီဒီထက်အောင်၊ မင်းကိုစိုး(နတ်သံကွင်း) တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ က လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီကျော်ကျော်ဗိုလ်၊ ခင်လှိုင်၊ ကျော်ထူး၊ ဂျိုကာ၊ လပြည့်၊ ဇော်ဝင်းနိုင်(မန်း)၊ အကယ်ဒမီ ခိုင်သင်းကြည်၊ ခေးဆက်သွင်၊ ပိုးကြာဖြူခင်၊ ပိုးပိုးဂျူလိုင်၊ စိစိ၊ ဝက်မ၊ ထိုင်းမှ ဟာသသရုပ်ဆောင် Maya Sunsun နဲ့ Sitang Buathong တို့နဲ့ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်…. ရုပ်ရှင်ဇာတ်ကားရဲ့ Press Show ကို ဧပြီလ (၂၃) ရက်နေ့ ညနေပိုင်းက သမ္မတရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး “အပိုင်စား”ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဧပြီလ (၂၆) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာ ပြသသွားမှာဖြစ်ပါတယ်…
ဘဝအမောတွေပြေစေမယ့် “အပိုင်စား ”ဟာသရုပ်ရှင်ဇာတ်ကားကြီး Premier Show ပွဲအခမ်းအနား
April 25, 2024
790 Views
1 Min Read
You may also like
rvcom
Visitor Count







Today Views : 76356
Total Views : 2124308










Add Comment