လွန်ခဲ့တဲ့ (၆)နှစ်ကျော်က ရိုက်ကူးထားပြီး တစ်ခေတ်တစ်ခါက ရန်ကုန်မြို့ရဲ့ လူနေမှုစရိုက်ကို ပေါ်လွင်အောင် ဖန်တီးပုံဖော်ထားတဲ့ “တစ်ခါက ရန်ကုန်မြို့ပြ” ရုပ်ရှင်ဇာတ်ကား Premier Show ကို အောက်တိုဘာလ (၂၅)ရက်က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့တာဖြစ်ပြီး ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းဒါရိုက်တာ ညိုမင်းလွင် နဲ့ သားထိုက်တို့က ရေးသားထားတာဖြစ်ပါတယ်…
အကယ်ဒမီ လူမင်း၊ တိုင်ရွန်၊ ဘုဏ်းသိုက်၊ ညီထွဋ်ခေါင်၊ စွမ်း၊ ကောင်းမြတ်စံ၊ အောင်လေး၊ မိုးဟေကို၊ ဘေဘီမောင်၊ ဖုန်းသီရိကျော်၊ ထူးခြား၊ မင်းခ၊ ဇွဲနိုင်ဝင်း တို့နဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ “တစ်ခါက ရန်ကုန်မြို့ပြ” (Once Upon A Time In Yangon) ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလ (၂၇) ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်…















Today Views : 76321
Total Views : 2124275
Add Comment