Event

သမ္မတရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ “ဖုန်းရွှ” ရုပ်ရှင်ဇာတ်ကား အကြိုပြသပွဲ

ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ “ဖုန်းရွှေ” ရုပ်ရှင်ဇာတ်ကားကြီးကို ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်ထားတဲ့ တရုတ်စကားပြော မြန်မာသရဲကား တစ်ကားလည်းဖြစ်ပါတယ်… ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေဖြစ်တဲ့ ထက်ယံပိုင်၊ စိုးစံအောင်၊ အေမီဈာန်၊ ဟန်နာ၊ V V Cheng၊ မေလန်း၊ ဇင်ဇင်ဝင်းရံ၊ Kitty Lay ၊ ဒေါ်ချို စတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတာ ဖြစ်ပါတယ်… “ဖုန်းရွှေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show အခမ်းအနားကို မေ (၂၀) ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပြီး လာမယ့် မေ (၂၄) ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်…

 

About the author

rvcom

Add Comment

Click here to post a comment

Visitor Count

2124279
Today Views : 76325
Total Views : 2124279